အကြောင်းအရာသို့ ကျော်သွားရန်

Samuel အကြောင်း ကျမ်းစာအခန်းငယ်များ

135 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတပါး၏ ဥစ္စာကို ရှာ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ ဟု ဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။

  2. ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ -

  3. ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။

  4. ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။

  5. ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊

  6. ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။

  7. ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။

  8. ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။

  9. ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။

  10. ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။

  11. ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။

  12. ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။

  13. ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊

  14. ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။

  15. မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊

  16. ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။

  17. မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။

  18. မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊

  19. ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။

  20. အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။

  21. ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။

  22. ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။

  23. ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။

  24. အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။

  25. ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။