Samuel အကြောင်း ကျမ်းစာအခန်းငယ်များ: Ministered in the house of God
Ministered in the house of God အကြောင်း အခန်းငယ်များ
ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက် လေ၏။ -
နှစ်စဉ်ပြုရသော ယဇ်ကို ပူဇော်ခြင်းငှါ၊ သူ၏ မိဘသည် ရောက်လာသောအခါ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီငယ်ကို ချုပ်၍ ဆောင်ခဲ့တတ်၏။