အကြောင်းအရာသို့ ကျော်သွားရန်

Samuel အကြောင်း ကျမ်းစာအခန်းငယ်များ: A prophet of the Israelites

3 အခန်းငယ် · 22 ရှုထောင့်

A prophet of the Israelites အကြောင်း အခန်းငယ်များ

  1. သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။

  2. ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။

  3. တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။