အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 2:17ခရစ်တော် မပေါ်မီ 1453 ခန့်

    ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။

  2. တရားဟောရာကျမ်း 2:18ခရစ်တော် မပေါ်မီ 1453 ခန့်

    အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။

  3. တရားဟောရာကျမ်း 2:19ခရစ်တော် မပေါ်မီ 1453 ခန့်

    အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။

  4. တရားဟောရာကျမ်း 2:20ခရစ်တော် မပေါ်မီ 1453 ခန့်

    ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။

  5. တရားဟောရာကျမ်း 2:21ခရစ်တော် မပေါ်မီ 1453 ခန့်

    ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။

  6. တရားဟောရာကျမ်း 2:22ခရစ်တော် မပေါ်မီ 1453 ခန့်

    သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။

  7. တရားဟောရာကျမ်း 2:23ခရစ်တော် မပေါ်မီ 1453 ခန့်

    ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။

  8. တရားဟောရာကျမ်း 2:24ခရစ်တော် မပေါ်မီ 1453 ခန့်

    သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။

  9. တရားဟောရာကျမ်း 2:25ခရစ်တော် မပေါ်မီ 1453 ခန့်

    မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။

  10. တရားဟောရာကျမ်း 2:26ခရစ်တော် မပေါ်မီ 1453 ခန့်

    ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊

  11. တရားဟောရာကျမ်း 2:27ခရစ်တော် မပေါ်မီ 1453 ခန့်

    မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။

  12. တရားဟောရာကျမ်း 2:28ခရစ်တော် မပေါ်မီ 1453 ခန့်

    စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။

  13. တရားဟောရာကျမ်း 2:29ခရစ်တော် မပေါ်မီ 1453 ခန့်

    ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊

  14. တရားဟောရာကျမ်း 2:30ခရစ်တော် မပေါ်မီ 1453 ခန့်

    ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။

  15. တရားဟောရာကျမ်း 2:31ခရစ်တော် မပေါ်မီ 1453 ခန့်

    ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။

  16. တရားဟောရာကျမ်း 2:32ခရစ်တော် မပေါ်မီ 1453 ခန့်

    ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-

  17. တရားဟောရာကျမ်း 2:33ခရစ်တော် မပေါ်မီ 1453 ခန့်

    ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။

  18. တရားဟောရာကျမ်း 2:34ခရစ်တော် မပေါ်မီ 1453 ခန့်

    ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။

  19. တရားဟောရာကျမ်း 2:35ခရစ်တော် မပေါ်မီ 1453 ခန့်

    တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။

  20. တရားဟောရာကျမ်း 2:36ခရစ်တော် မပေါ်မီ 1453 ခန့်

    အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။

  21. တရားဟောရာကျမ်း 2:37ခရစ်တော် မပေါ်မီ 1453 ခန့်

    သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။

  22. တရားဟောရာကျမ်း 3:1ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။

  23. တရားဟောရာကျမ်း 3:2ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။

  24. တရားဟောရာကျမ်း 3:3ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။

  25. တရားဟောရာကျမ်း 3:4ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ၏။