အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 23:20ခရစ်တော် မပေါ်မီ 1055 ခန့်

    အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။

  2. ဓမ္မရာဇဝင်ဒုတိယစောင် 23:21ခရစ်တော် မပေါ်မီ 1055 ခန့်

    ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 23:22ခရစ်တော် မပေါ်မီ 1055 ခန့်

    ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။

  4. ဓမ္မရာဇဝင်ဒုတိယစောင် 23:23ခရစ်တော် မပေါ်မီ 1055 ခန့်

    ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 23:24ခရစ်တော် မပေါ်မီ 1055 ခန့်

    ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊

  6. ဓမ္မရာဇဝင်ဒုတိယစောင် 23:25ခရစ်တော် မပေါ်မီ 1055 ခန့်

    ဟရောဒိအမျိုးရှမ္မ၊ ဟရောဒိအမျိုးဧလိက၊

  7. ဓမ္မရာဇဝင်ဒုတိယစောင် 23:26ခရစ်တော် မပေါ်မီ 1055 ခန့်

    ဖာလတိအမျိုးဟေလက်၊ တေကောအမျိုး ဣကေရှ၏သား ဣရ၊

  8. ဓမ္မရာဇဝင်ဒုတိယစောင် 23:27ခရစ်တော် မပေါ်မီ 1055 ခန့်

    အနေသောသိအမျိုးအဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊

  9. ဓမ္မရာဇဝင်ဒုတိယစောင် 23:28ခရစ်တော် မပေါ်မီ 1055 ခန့်

    အဟောဟိအမျိုးဇာလမုန်၊ နေတော ဖာသိအမျိုး မဟာရဲ၊

  10. ဓမ္မရာဇဝင်ဒုတိယစောင် 23:29ခရစ်တော် မပေါ်မီ 1055 ခန့်

    နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊

  11. ဓမ္မရာဇဝင်ဒုတိယစောင် 23:30ခရစ်တော် မပေါ်မီ 1055 ခန့်

    ပိရသောနိအမျိုးဗေနာယ၊ ဂါရှချိုင့် သားဟိဒ္ဒဲ၊

  12. ဓမ္မရာဇဝင်ဒုတိယစောင် 23:31ခရစ်တော် မပေါ်မီ 1055 ခန့်

    အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊

  13. ဓမ္မရာဇဝင်ဒုတိယစောင် 23:32ခရစ်တော် မပေါ်မီ 1055 ခန့်

    ရှာလဗောနိ အမျိုးဧလျာဘ၊ ယာရှင်၏သား တို့တွင် ယောနသန်၊

  14. ဓမ္မရာဇဝင်ဒုတိယစောင် 23:33ခရစ်တော် မပေါ်မီ 1055 ခန့်

    ဟာရရိအမျိုးရှမ္မ၊ ဟာရရိအမျိုးရှာရ၏ သား အဟိအံ၊

  15. ဓမ္မရာဇဝင်ဒုတိယစောင် 23:34ခရစ်တော် မပေါ်မီ 1055 ခန့်

    မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊

  16. ဓမ္မရာဇဝင်ဒုတိယစောင် 23:35ခရစ်တော် မပေါ်မီ 1055 ခန့်

    ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊

  17. ဓမ္မရာဇဝင်ဒုတိယစောင် 23:36ခရစ်တော် မပေါ်မီ 1055 ခန့်

    ဇောဘအမျိုးနာသန်၏သား ဣဂါလ၊ ဂဒ်အမျိုး ဗာနိ၊

  18. ဓမ္မရာဇဝင်ဒုတိယစောင် 23:37ခရစ်တော် မပေါ်မီ 1055 ခန့်

    အမ္မုန်အမျိုးဇေလက်၊ ဇေရုယာ၏သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ၊

  19. ဓမ္မရာဇဝင်ဒုတိယစောင် 23:38ခရစ်တော် မပေါ်မီ 1055 ခန့်

    ဣသရိ အမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊

  20. ဓမ္မရာဇဝင်ဒုတိယစောင် 23:39ခရစ်တော် မပေါ်မီ 1055 ခန့်

    ဟိတ္တိအမျိုးဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 24:1ခရစ်တော် မပေါ်မီ 1017 ခန့်

    နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။

  22. ဓမ္မရာဇဝင်ဒုတိယစောင် 24:2ခရစ်တော် မပေါ်မီ 1017 ခန့်

    ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 24:3ခရစ်တော် မပေါ်မီ 1017 ခန့်

    ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွါး စေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 24:4ခရစ်တော် မပေါ်မီ 1017 ခန့်

    သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။

  25. ဓမ္မရာဇဝင်ဒုတိယစောင် 24:5ခရစ်တော် မပေါ်မီ 1017 ခန့်

    ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။