အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 22:21ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။

  2. ဓမ္မရာဇဝင်ဒုတိယစောင် 22:22ခရစ်တော် မပေါ်မီ 1018 ခန့်

    အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 22:23ခရစ်တော် မပေါ်မီ 1018 ခန့်

    စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။

  4. ဓမ္မရာဇဝင်ဒုတိယစောင် 22:24ခရစ်တော် မပေါ်မီ 1018 ခန့်

    ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 22:25ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။

  6. ဓမ္မရာဇဝင်ဒုတိယစောင် 22:26ခရစ်တော် မပေါ်မီ 1018 ခန့်

    သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊

  7. ဓမ္မရာဇဝင်ဒုတိယစောင် 22:27ခရစ်တော် မပေါ်မီ 1018 ခန့်

    သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။

  8. ဓမ္မရာဇဝင်ဒုတိယစောင် 22:28ခရစ်တော် မပေါ်မီ 1018 ခန့်

    နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။

  9. ဓမ္မရာဇဝင်ဒုတိယစောင် 22:29ခရစ်တော် မပေါ်မီ 1018 ခန့်

    အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။

  10. ဓမ္မရာဇဝင်ဒုတိယစောင် 22:30ခရစ်တော် မပေါ်မီ 1018 ခန့်

    အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။

  11. ဓမ္မရာဇဝင်ဒုတိယစောင် 22:31ခရစ်တော် မပေါ်မီ 1018 ခန့်

    ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။

  12. ဓမ္မရာဇဝင်ဒုတိယစောင် 22:32ခရစ်တော် မပေါ်မီ 1018 ခန့်

    ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။

  13. ဓမ္မရာဇဝင်ဒုတိယစောင် 22:33ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။

  14. ဓမ္မရာဇဝင်ဒုတိယစောင် 22:34ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။

  15. ဓမ္မရာဇဝင်ဒုတိယစောင် 22:35ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။

  16. ဓမ္မရာဇဝင်ဒုတိယစောင် 22:36ခရစ်တော် မပေါ်မီ 1018 ခန့်

    ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။

  17. ဓမ္မရာဇဝင်ဒုတိယစောင် 22:37ခရစ်တော် မပေါ်မီ 1018 ခန့်

    အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊

  18. ဓမ္မရာဇဝင်ဒုတိယစောင် 22:38ခရစ်တော် မပေါ်မီ 1018 ခန့်

    အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။

  19. ဓမ္မရာဇဝင်ဒုတိယစောင် 22:39ခရစ်တော် မပေါ်မီ 1018 ခန့်

    သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။

  20. ဓမ္မရာဇဝင်ဒုတိယစောင် 22:40ခရစ်တော် မပေါ်မီ 1018 ခန့်

    အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 22:41ခရစ်တော် မပေါ်မီ 1018 ခန့်

    အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။

  22. ဓမ္မရာဇဝင်ဒုတိယစောင် 22:42ခရစ်တော် မပေါ်မီ 1018 ခန့်

    သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 22:43ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 22:44ခရစ်တော် မပေါ်မီ 1018 ခန့်

    လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။

  25. ဓမ္မရာဇဝင်ဒုတိယစောင် 22:45ခရစ်တော် မပေါ်မီ 1018 ခန့်

    တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။