အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 21:18ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။

  2. ဓမ္မရာဇဝင်ဒုတိယစောင် 21:19ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 21:20ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။

  4. ဓမ္မရာဇဝင်ဒုတိယစောင် 21:21ခရစ်တော် မပေါ်မီ 1018 ခန့်

    ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 21:22ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့်သူ၏ကျွန်တို့ လက်ဖြင့် သေကြ၏။

  6. ဓမ္မရာဇဝင်ဒုတိယစောင် 22:1ခရစ်တော် မပေါ်မီ 1018 ခန့်

    ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊

  7. ဓမ္မရာဇဝင်ဒုတိယစောင် 22:2ခရစ်တော် မပေါ်မီ 1018 ခန့်

    ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊

  8. ဓမ္မရာဇဝင်ဒုတိယစောင် 22:3ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။

  9. ဓမ္မရာဇဝင်ဒုတိယစောင် 22:4ခရစ်တော် မပေါ်မီ 1018 ခန့်

    ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။

  10. ဓမ္မရာဇဝင်ဒုတိယစောင် 22:5ခရစ်တော် မပေါ်မီ 1018 ခန့်

    သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။

  11. ဓမ္မရာဇဝင်ဒုတိယစောင် 22:6ခရစ်တော် မပေါ်မီ 1018 ခန့်

    မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။

  12. ဓမ္မရာဇဝင်ဒုတိယစောင် 22:7ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။

  13. ဓမ္မရာဇဝင်ဒုတိယစောင် 22:8ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။

  14. ဓမ္မရာဇဝင်ဒုတိယစောင် 22:9ခရစ်တော် မပေါ်မီ 1018 ခန့်

    နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။

  15. ဓမ္မရာဇဝင်ဒုတိယစောင် 22:10ခရစ်တော် မပေါ်မီ 1018 ခန့်

    မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။

  16. ဓမ္မရာဇဝင်ဒုတိယစောင် 22:11ခရစ်တော် မပေါ်မီ 1018 ခန့်

    ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။

  17. ဓမ္မရာဇဝင်ဒုတိယစောင် 22:12ခရစ်တော် မပေါ်မီ 1018 ခန့်

    မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။

  18. ဓမ္မရာဇဝင်ဒုတိယစောင် 22:13ခရစ်တော် မပေါ်မီ 1018 ခန့်

    ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။

  19. ဓမ္မရာဇဝင်ဒုတိယစောင် 22:14ခရစ်တော် မပေါ်မီ 1018 ခန့်

    ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။

  20. ဓမ္မရာဇဝင်ဒုတိယစောင် 22:15ခရစ်တော် မပေါ်မီ 1018 ခန့်

    လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 22:16ခရစ်တော် မပေါ်မီ 1018 ခန့်

    ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။

  22. ဓမ္မရာဇဝင်ဒုတိယစောင် 22:17ခရစ်တော် မပေါ်မီ 1018 ခန့်

    အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 22:18ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 22:19ခရစ်တော် မပေါ်မီ 1018 ခန့်

    ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊

  25. ဓမ္မရာဇဝင်ဒုတိယစောင် 22:20ခရစ်တော် မပေါ်မီ 1018 ခန့်

    ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။