အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 19:15ခရစ်တော် မပေါ်မီ 906 ခန့်

    ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  2. ဓမ္မရာဇဝင်တတိယစောင် 19:16ခရစ်တော် မပေါ်မီ 906 ခန့်

    နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  3. ဓမ္မရာဇဝင်တတိယစောင် 19:17ခရစ်တော် မပေါ်မီ 906 ခန့်

    သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။

  4. ဓမ္မရာဇဝင်တတိယစောင် 19:18ခရစ်တော် မပေါ်မီ 906 ခန့်

    သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

  5. ဓမ္မရာဇဝင်တတိယစောင် 19:19ခရစ်တော် မပေါ်မီ 906 ခန့်

    ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။

  6. ဓမ္မရာဇဝင်တတိယစောင် 19:20ခရစ်တော် မပေါ်မီ 906 ခန့်

    ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊

  7. ဓမ္မရာဇဝင်တတိယစောင် 19:21ခရစ်တော် မပေါ်မီ 906 ခန့်

    ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။

  8. ဓမ္မရာဇဝင်တတိယစောင် 20:1ခရစ်တော် မပေါ်မီ 901 ခန့်

    ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေ အပေါင်းတို့ကို စုဝေးစေ၍၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့် တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီး လျှင် ရှမာရိမြို့ကို ဝိုင်းထား၍ တိုက်လေ၏။

  9. ဓမ္မရာဇဝင်တတိယစောင် 20:2ခရစ်တော် မပေါ်မီ 901 ခန့်

    သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊

  10. ဓမ္မရာဇဝင်တတိယစောင် 20:3ခရစ်တော် မပေါ်မီ 901 ခန့်

    သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။

  11. ဓမ္မရာဇဝင်တတိယစောင် 20:4ခရစ်တော် မပေါ်မီ 901 ခန့်

    ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။

  12. ဓမ္မရာဇဝင်တတိယစောင် 20:5ခရစ်တော် မပေါ်မီ 901 ခန့်

    သံတမန်တို့သည် တဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ၊

  13. ဓမ္မရာဇဝင်တတိယစောင် 20:6ခရစ်တော် မပေါ်မီ 901 ခန့်

    နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသော အိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။

  14. ဓမ္မရာဇဝင်တတိယစောင် 20:7ခရစ်တော် မပေါ်မီ 901 ခန့်

    ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါ လော့။ ငါ့ရွှေငွေသားမယားတို့ကို တောင်း၍ မှာလိုက် သော အခါ ငါမငြင်းပါတကားဟု ကြားပြော၏။

  15. ဓမ္မရာဇဝင်တတိယစောင် 20:8ခရစ်တော် မပေါ်မီ 901 ခန့်

    အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သား အပေါင်းတို့က၊ ထိုသူ၏ စကားကိုနားထောင်တော်မမူပါ နှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။

  16. ဓမ္မရာဇဝင်တတိယစောင် 20:9ခရစ်တော် မပေါ်မီ 901 ခန့်

    သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည်။ နောက် မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏သံတမန်တို့ အား မှာလိုက်လျှင်၊ ထိုသူတို့သည် သွား၍လျှောက်ကြ၏။

  17. ဓမ္မရာဇဝင်တတိယစောင် 20:10ခရစ်တော် မပေါ်မီ 901 ခန့်

    တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်း တို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက် လေသော်၊

  18. ဓမ္မရာဇဝင်တတိယစောင် 20:11ခရစ်တော် မပေါ်မီ 901 ခန့်

    ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။

  19. ဓမ္မရာဇဝင်တတိယစောင် 20:12ခရစ်တော် မပေါ်မီ 901 ခန့်

    ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ၏။

  20. ဓမ္မရာဇဝင်တတိယစောင် 20:13ခရစ်တော် မပေါ်မီ 901 ခန့်

    ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။

  21. ဓမ္မရာဇဝင်တတိယစောင် 20:14ခရစ်တော် မပေါ်မီ 901 ခန့်

    အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။

  22. ဓမ္မရာဇဝင်တတိယစောင် 20:15ခရစ်တော် မပေါ်မီ 901 ခန့်

    အာဟပ်မင်းသည်မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလ အမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင် ရှိ၏။

  23. ဓမ္မရာဇဝင်တတိယစောင် 20:16ခရစ်တော် မပေါ်မီ 901 ခန့်

    မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။

  24. ဓမ္မရာဇဝင်တတိယစောင် 20:17ခရစ်တော် မပေါ်မီ 901 ခန့်

    မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊

  25. ဓမ္မရာဇဝင်တတိယစောင် 20:18ခရစ်တော် မပေါ်မီ 901 ခန့်

    စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ၏။