အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 21:1ခရစ်တော် မပေါ်မီ 899 ခန့်

    ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊

  2. ဓမ္မရာဇဝင်တတိယစောင် 21:2ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊

  3. ဓမ္မရာဇဝင်တတိယစောင် 21:3ခရစ်တော် မပေါ်မီ 899 ခန့်

    နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။

  4. ဓမ္မရာဇဝင်တတိယစောင် 21:4ခရစ်တော် မပေါ်မီ 899 ခန့်

    ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။

  5. ဓမ္မရာဇဝင်တတိယစောင် 21:5ခရစ်တော် မပေါ်မီ 899 ခန့်

    ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊

  6. ဓမ္မရာဇဝင်တတိယစောင် 21:6ခရစ်တော် မပေါ်မီ 899 ခန့်

    မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။

  7. ဓမ္မရာဇဝင်တတိယစောင် 21:7ခရစ်တော် မပေါ်မီ 899 ခန့်

    ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊

  8. ဓမ္မရာဇဝင်တတိယစောင် 21:8ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။

  9. ဓမ္မရာဇဝင်တတိယစောင် 21:9ခရစ်တော် မပေါ်မီ 899 ခန့်

    စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။

  10. ဓမ္မရာဇဝင်တတိယစောင် 21:10ခရစ်တော် မပေါ်မီ 899 ခန့်

    သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။

  11. ဓမ္မရာဇဝင်တတိယစောင် 21:11ခရစ်တော် မပေါ်မီ 899 ခန့်

    ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊

  12. ဓမ္မရာဇဝင်တတိယစောင် 21:12ခရစ်တော် မပေါ်မီ 899 ခန့်

    အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။

  13. ဓမ္မရာဇဝင်တတိယစောင် 21:13ခရစ်တော် မပေါ်မီ 899 ခန့်

    အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။

  14. ဓမ္မရာဇဝင်တတိယစောင် 21:14ခရစ်တော် မပေါ်မီ 899 ခန့်

    ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။

  15. ဓမ္မရာဇဝင်တတိယစောင် 21:15ခရစ်တော် မပေါ်မီ 899 ခန့်

    ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။

  16. ဓမ္မရာဇဝင်တတိယစောင် 21:16ခရစ်တော် မပေါ်မီ 899 ခန့်

    နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။

  17. ဓမ္မရာဇဝင်တတိယစောင် 21:17ခရစ်တော် မပေါ်မီ 899 ခန့်

    ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊

  18. ဓမ္မရာဇဝင်တတိယစောင် 21:18ခရစ်တော် မပေါ်မီ 899 ခန့်

    သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။

  19. ဓမ္မရာဇဝင်တတိယစောင် 21:19ခရစ်တော် မပေါ်မီ 899 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။

  20. ဓမ္မရာဇဝင်တတိယစောင် 21:20ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။

  21. ဓမ္မရာဇဝင်တတိယစောင် 21:21ခရစ်တော် မပေါ်မီ 899 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။

  22. ဓမ္မရာဇဝင်တတိယစောင် 21:22ခရစ်တော် မပေါ်မီ 899 ခန့်

    ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။

  23. ဓမ္မရာဇဝင်တတိယစောင် 21:23ခရစ်တော် မပေါ်မီ 899 ခန့်

    ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။

  24. ဓမ္မရာဇဝင်တတိယစောင် 21:24ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။

  25. ဓမ္မရာဇဝင်တတိယစောင် 21:25ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။