အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 21:26ခရစ်တော် မပေါ်မီ 899 ခန့်

    ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။

  2. ဓမ္မရာဇဝင်တတိယစောင် 21:27ခရစ်တော် မပေါ်မီ 899 ခန့်

    သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။

  3. ဓမ္မရာဇဝင်တတိယစောင် 21:28ခရစ်တော် မပေါ်မီ 899 ခန့်

    ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊

  4. ဓမ္မရာဇဝင်တတိယစောင် 21:29ခရစ်တော် မပေါ်မီ 899 ခန့်

    အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။

  5. ဓမ္မရာဇဝင်တတိယစောင် 22:1ခရစ်တော် မပေါ်မီ 900 ခန့်

    ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက် ဘဲ သုံးနှစ်နေပြီးမှ၊

  6. ဓမ္မရာဇဝင်တတိယစောင် 22:2ခရစ်တော် မပေါ်မီ 897 ခန့်

    တတိယနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။

  7. ဓမ္မရာဇဝင်တတိယစောင် 22:3ခရစ်တော် မပေါ်မီ 897 ခန့်

    ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။

  8. ဓမ္မရာဇဝင်တတိယစောင် 22:4ခရစ်တော် မပေါ်မီ 897 ခန့်

    ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။

  9. ဓမ္မရာဇဝင်တတိယစောင် 22:5ခရစ်တော် မပေါ်မီ 897 ခန့်

    တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊

  10. ဓမ္မရာဇဝင်တတိယစောင် 22:6ခရစ်တော် မပေါ်မီ 897 ခန့်

    ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။

  11. ဓမ္မရာဇဝင်တတိယစောင် 22:7ခရစ်တော် မပေါ်မီ 897 ခန့်

    ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံ တပါးမျှမရှိသလောဟု မေးသော်၊

  12. ဓမ္မရာဇဝင်တတိယစောင် 22:8ခရစ်တော် မပေါ်မီ 897 ခန့်

    ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။

  13. ဓမ္မရာဇဝင်တတိယစောင် 22:9ခရစ်တော် မပေါ်မီ 897 ခန့်

    ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့်တော်မူ၏။

  14. ဓမ္မရာဇဝင်တတိယစောင် 22:10ခရစ်တော် မပေါ်မီ 897 ခန့်

    ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသော အရပ်၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။

  15. ဓမ္မရာဇဝင်တတိယစောင် 22:11ခရစ်တော် မပေါ်မီ 897 ခန့်

    ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။

  16. ဓမ္မရာဇဝင်တတိယစောင် 22:12ခရစ်တော် မပေါ်မီ 897 ခန့်

    ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။

  17. ဓမ္မရာဇဝင်တတိယစောင် 22:13ခရစ်တော် မပေါ်မီ 897 ခန့်

    မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ၏။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော် မူပါဟုဆိုလျှင်၊

  18. ဓမ္မရာဇဝင်တတိယစောင် 22:14ခရစ်တော် မပေါ်မီ 897 ခန့်

    မိက္ခာတ၊ ထာဝရဘုရားအသက်ရှင်တော်မူ သည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကို သာ ငါပြန်ပြောရမည်ဟုဆို၏။

  19. ဓမ္မရာဇဝင်တတိယစောင် 22:15ခရစ်တော် မပေါ်မီ 897 ခန့်

    ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေကောင်းသလောဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။

  20. ဓမ္မရာဇဝင်တတိယစောင် 22:16ခရစ်တော် မပေါ်မီ 897 ခန့်

    ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊

  21. ဓမ္မရာဇဝင်တတိယစောင် 22:17ခရစ်တော် မပေါ်မီ 897 ခန့်

    မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိ သောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။

  22. ဓမ္မရာဇဝင်တတိယစောင် 22:18ခရစ်တော် မပေါ်မီ 897 ခန့်

    ဣသရေလရှင်ဘုရင်ကလည်း၊ သူသည်ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။

  23. ဓမ္မရာဇဝင်တတိယစောင် 22:19ခရစ်တော် မပေါ်မီ 897 ခန့်

    မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။

  24. ဓမ္မရာဇဝင်တတိယစောင် 22:20ခရစ်တော် မပေါ်မီ 897 ခန့်

    ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှါ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။

  25. ဓမ္မရာဇဝင်တတိယစောင် 22:21ခရစ်တော် မပေါ်မီ 897 ခန့်

    တဖန်ဝိညာဉ်တပါးသည် လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင်၊