အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 48:9ခရစ်တော် မပေါ်မီ 574 ခန့်

    ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။

  2. ယေဇကျေလအနာဂတ္တိကျမ်း 48:10ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 48:11ခရစ်တော် မပေါ်မီ 574 ခန့်

    ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 48:12ခရစ်တော် မပေါ်မီ 574 ခန့်

    လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။

  5. ယေဇကျေလအနာဂတ္တိကျမ်း 48:13ခရစ်တော် မပေါ်မီ 574 ခန့်

    ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 48:14ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။

  7. ယေဇကျေလအနာဂတ္တိကျမ်း 48:15ခရစ်တော် မပေါ်မီ 574 ခန့်

    နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။

  8. ယေဇကျေလအနာဂတ္တိကျမ်း 48:16ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 48:17ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။

  10. ယေဇကျေလအနာဂတ္တိကျမ်း 48:18ခရစ်တော် မပေါ်မီ 574 ခန့်

    သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။

  11. ယေဇကျေလအနာဂတ္တိကျမ်း 48:19ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 48:20ခရစ်တော် မပေါ်မီ 574 ခန့်

    ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 48:21ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။

  14. ယေဇကျေလအနာဂတ္တိကျမ်း 48:22ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။

  15. ယေဇကျေလအနာဂတ္တိကျမ်း 48:23ခရစ်တော် မပေါ်မီ 574 ခန့်

    ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 48:24ခရစ်တော် မပေါ်မီ 574 ခန့်

    ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 48:25ခရစ်တော် မပေါ်မီ 574 ခန့်

    ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 48:26ခရစ်တော် မပေါ်မီ 574 ခန့်

    ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 48:27ခရစ်တော် မပေါ်မီ 574 ခန့်

    ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 48:28ခရစ်တော် မပေါ်မီ 574 ခန့်

    ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 48:29ခရစ်တော် မပေါ်မီ 574 ခန့်

    ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  22. ယေဇကျေလအနာဂတ္တိကျမ်း 48:30ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊

  23. ယေဇကျေလအနာဂတ္တိကျမ်း 48:31ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 48:32ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 48:33ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။