Darius
Darius ကို ဖော်ပြသော အခန်းငယ်များ
မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။
ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊
အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင် မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။
ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက်နေ၏။
ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊
ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပဌမနှစ်တွင် သူ့ကို နှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစားအားထုတ်လေ၏။