အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 47:7ခရစ်တော် မပေါ်မီ 574 ခန့်

    ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 47:8ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 47:9ခရစ်တော် မပေါ်မီ 574 ခန့်

    အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 47:10ခရစ်တော် မပေါ်မီ 574 ခန့်

    အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။

  5. ယေဇကျေလအနာဂတ္တိကျမ်း 47:11ခရစ်တော် မပေါ်မီ 574 ခန့်

    ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 47:12ခရစ်တော် မပေါ်မီ 574 ခန့်

    မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 47:13ခရစ်တော် မပေါ်မီ 574 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။

  8. ယေဇကျေလအနာဂတ္တိကျမ်း 47:14ခရစ်တော် မပေါ်မီ 574 ခန့်

    ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 47:15ခရစ်တော် မပေါ်မီ 574 ခန့်

    မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊

  10. ယေဇကျေလအနာဂတ္တိကျမ်း 47:16ခရစ်တော် မပေါ်မီ 574 ခန့်

    ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊

  11. ယေဇကျေလအနာဂတ္တိကျမ်း 47:17ခရစ်တော် မပေါ်မီ 574 ခန့်

    တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။

  12. ယေဇကျေလအနာဂတ္တိကျမ်း 47:18ခရစ်တော် မပေါ်မီ 574 ခန့်

    အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။

  13. ယေဇကျေလအနာဂတ္တိကျမ်း 47:19ခရစ်တော် မပေါ်မီ 574 ခန့်

    တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။

  14. ယေဇကျေလအနာဂတ္တိကျမ်း 47:20ခရစ်တော် မပေါ်မီ 574 ခန့်

    အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။

  15. ယေဇကျေလအနာဂတ္တိကျမ်း 47:21ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 47:22ခရစ်တော် မပေါ်မီ 574 ခန့်

    အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 47:23ခရစ်တော် မပေါ်မီ 574 ခန့်

    တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

  18. ယေဇကျေလအနာဂတ္တိကျမ်း 48:1ခရစ်တော် မပေါ်မီ 574 ခန့်

    ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 48:2ခရစ်တော် မပေါ်မီ 574 ခန့်

    ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 48:3ခရစ်တော် မပေါ်မီ 574 ခန့်

    အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 48:4ခရစ်တော် မပေါ်မီ 574 ခန့်

    နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 48:5ခရစ်တော် မပေါ်မီ 574 ခန့်

    မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။

  23. ယေဇကျေလအနာဂတ္တိကျမ်း 48:6ခရစ်တော် မပေါ်မီ 574 ခန့်

    ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 48:7ခရစ်တော် မပေါ်မီ 574 ခန့်

    ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 48:8ခရစ်တော် မပေါ်မီ 574 ခန့်

    ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။