အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 45:6ခရစ်တော် မပေါ်မီ 574 ခန့်

    မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည်။

  2. ယေဇကျေလအနာဂတ္တိကျမ်း 45:7ခရစ်တော် မပေါ်မီ 574 ခန့်

    သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 45:8ခရစ်တော် မပေါ်မီ 574 ခန့်

    ငါ၏မင်းသားတို့သည် နောက်တဖန် ငါ၏လူတို့ ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင်သော မြေဖြစ်ရမည်။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 45:9ခရစ်တော် မပေါ်မီ 574 ခန့်

    အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 45:10ခရစ်တော် မပေါ်မီ 574 ခန့်

    မှန်သောချိန်ခွင်၊ မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 45:11ခရစ်တော် မပေါ်မီ 574 ခန့်

    ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။

  7. ယေဇကျေလအနာဂတ္တိကျမ်း 45:12ခရစ်တော် မပေါ်မီ 574 ခန့်

    ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

  8. ယေဇကျေလအနာဂတ္တိကျမ်း 45:13ခရစ်တော် မပေါ်မီ 574 ခန့်

    ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 45:14ခရစ်တော် မပေါ်မီ 574 ခန့်

    ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

  10. ယေဇကျေလအနာဂတ္တိကျမ်း 45:15ခရစ်တော် မပေါ်မီ 574 ခန့်

    သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 45:16ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 45:17ခရစ်တော် မပေါ်မီ 574 ခန့်

    မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 45:18ခရစ်တော် မပေါ်မီ 574 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။

  14. ယေဇကျေလအနာဂတ္တိကျမ်း 45:19ခရစ်တော် မပေါ်မီ 574 ခန့်

    ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။

  15. ယေဇကျေလအနာဂတ္တိကျမ်း 45:20ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 45:21ခရစ်တော် မပေါ်မီ 574 ခန့်

    ပဌမလတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 45:22ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူ ပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 45:23ခရစ်တော် မပေါ်မီ 574 ခန့်

    ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 45:24ခရစ်တော် မပေါ်မီ 574 ခန့်

    နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ၊ ဆီတဟိန်ကို ပြင်ဆင်ရမည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 45:25ခရစ်တော် မပေါ်မီ 574 ခန့်

    သတ္တမလတဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင် အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ကာ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 46:1ခရစ်တော် မပေါ်မီ 574 ခန့်

    အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 46:2ခရစ်တော် မပေါ်မီ 574 ခန့်

    မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။

  23. ယေဇကျေလအနာဂတ္တိကျမ်း 46:3ခရစ်တော် မပေါ်မီ 574 ခန့်

    ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 46:4ခရစ်တော် မပေါ်မီ 574 ခန့်

    ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 46:5ခရစ်တော် မပေါ်မီ 574 ခန့်

    ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။