- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 43:14ခရစ်တော် မပေါ်မီ 574 ခန့်
အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:15ခရစ်တော် မပေါ်မီ 574 ခန့်
ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:16ခရစ်တော် မပေါ်မီ 574 ခန့်
ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:17ခရစ်တော် မပေါ်မီ 574 ခန့်
အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:18ခရစ်တော် မပေါ်မီ 574 ခန့်
တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရား ဟူမူကား၊
- ယေဇကျေလအနာဂတ္တိကျမ်း 43:19ခရစ်တော် မပေါ်မီ 574 ခန့်
အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:20ခရစ်တော် မပေါ်မီ 574 ခန့်
နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:21ခရစ်တော် မပေါ်မီ 574 ခန့်
အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:22ခရစ်တော် မပေါ်မီ 574 ခန့်
ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:23ခရစ်တော် မပေါ်မီ 574 ခန့်
ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:24ခရစ်တော် မပေါ်မီ 574 ခန့်
ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:25ခရစ်တော် မပေါ်မီ 574 ခန့်
ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:26ခရစ်တော် မပေါ်မီ 574 ခန့်
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 43:27ခရစ်တော် မပေါ်မီ 574 ခန့်
ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 44:1ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 44:2ခရစ်တော် မပေါ်မီ 574 ခန့်
ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 44:3ခရစ်တော် မပေါ်မီ 574 ခန့်
မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 44:4ခရစ်တော် မပေါ်မီ 574 ခန့်
ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 44:5ခရစ်တော် မပေါ်မီ 574 ခန့်
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
- ယေဇကျေလအနာဂတ္တိကျမ်း 44:6ခရစ်တော် မပေါ်မီ 574 ခန့်
ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊
- ယေဇကျေလအနာဂတ္တိကျမ်း 44:7ခရစ်တော် မပေါ်မီ 574 ခန့်
သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
- ယေဇကျေလအနာဂတ္တိကျမ်း 44:8ခရစ်တော် မပေါ်မီ 574 ခန့်
ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
- ယေဇကျေလအနာဂတ္တိကျမ်း 44:9ခရစ်တော် မပေါ်မီ 574 ခန့်
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
- ယေဇကျေလအနာဂတ္တိကျမ်း 44:10ခရစ်တော် မပေါ်မီ 574 ခန့်
ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 44:11ခရစ်တော် မပေါ်မီ 574 ခန့်
သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။