- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 41:10ခရစ်တော် မပေါ်မီ 574 ခန့်
အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:11ခရစ်တော် မပေါ်မီ 574 ခန့်
ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:12ခရစ်တော် မပေါ်မီ 574 ခန့်
လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:13ခရစ်တော် မပေါ်မီ 574 ခန့်
ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:14ခရစ်တော် မပေါ်မီ 574 ခန့်
အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:15ခရစ်တော် မပေါ်မီ 574 ခန့်
လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:16ခရစ်တော် မပေါ်မီ 574 ခန့်
အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:17ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 41:18ခရစ်တော် မပေါ်မီ 574 ခန့်
ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 41:19ခရစ်တော် မပေါ်မီ 574 ခန့်
စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:20ခရစ်တော် မပေါ်မီ 574 ခန့်
ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:21ခရစ်တော် မပေါ်မီ 574 ခန့်
ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:22ခရစ်တော် မပေါ်မီ 574 ခန့်
သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:23ခရစ်တော် မပေါ်မီ 574 ခန့်
ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 41:24ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:25ခရစ်တော် မပေါ်မီ 574 ခန့်
ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 41:26ခရစ်တော် မပေါ်မီ 574 ခန့်
မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:1ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:2ခရစ်တော် မပေါ်မီ 574 ခန့်
ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:3ခရစ်တော် မပေါ်မီ 574 ခန့်
အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:4ခရစ်တော် မပေါ်မီ 574 ခန့်
ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:5ခရစ်တော် မပေါ်မီ 574 ခန့်
အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:6ခရစ်တော် မပေါ်မီ 574 ခန့်
အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:7ခရစ်တော် မပေါ်မီ 574 ခန့်
ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 42:8ခရစ်တော် မပေါ်မီ 574 ခန့်
ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။