- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 40:9ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင် ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
- ယေဇကျေလအနာဂတ္တိကျမ်း 40:10ခရစ်တော် မပေါ်မီ 574 ခန့်
အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:11ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:12ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်း ပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:13ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း၍အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:14ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင် အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:15ခရစ်တော် မပေါ်မီ 574 ခန့်
ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:16ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:17ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:18ခရစ်တော် မပေါ်မီ 574 ခန့်
တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:19ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:20ခရစ်တော် မပေါ်မီ 574 ခန့်
တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:21ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:22ခရစ်တော် မပေါ်မီ 574 ခန့်
ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:23ခရစ်တော် မပေါ်မီ 574 ခန့်
အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခု အတောင်တရာကွာ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:24ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:25ခရစ်တော် မပေါ်မီ 574 ခန့်
အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:26ခရစ်တော် မပေါ်မီ 574 ခန့်
လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:27ခရစ်တော် မပေါ်မီ 574 ခန့်
တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:28ခရစ်တော် မပေါ်မီ 574 ခန့်
တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:29ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:30ခရစ်တော် မပေါ်မီ 574 ခန့်
ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:31ခရစ်တော် မပေါ်မီ 574 ခန့်
မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:32ခရစ်တော် မပေါ်မီ 574 ခန့်
အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:33ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။