- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 39:13ခရစ်တော် မပေါ်မီ 587 ခန့်
ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 39:14ခရစ်တော် မပေါ်မီ 587 ခန့်
အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင်၊
- ယေဇကျေလအနာဂတ္တိကျမ်း 39:15ခရစ်တော် မပေါ်မီ 587 ခန့်
လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေ ကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:16ခရစ်တော် မပေါ်မီ 587 ခန့်
ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:17ခရစ်တော် မပေါ်မီ 587 ခန့်
အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။
- ယေဇကျေလအနာဂတ္တိကျမ်း 39:18ခရစ်တော် မပေါ်မီ 587 ခန့်
သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:19ခရစ်တော် မပေါ်မီ 587 ခန့်
သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:20ခရစ်တော် မပေါ်မီ 587 ခန့်
ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 39:21ခရစ်တော် မပေါ်မီ 587 ခန့်
ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:22ခရစ်တော် မပေါ်မီ 587 ခန့်
ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:23ခရစ်တော် မပေါ်မီ 587 ခန့်
ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသော ကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ် သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရ ကြပြီ။
- ယေဇကျေလအနာဂတ္တိကျမ်း 39:24ခရစ်တော် မပေါ်မီ 587 ခန့်
သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။
- ယေဇကျေလအနာဂတ္တိကျမ်း 39:25ခရစ်တော် မပေါ်မီ 587 ခန့်
ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:26ခရစ်တော် မပေါ်မီ 587 ခန့်
သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 39:27ခရစ်တော် မပေါ်မီ 587 ခန့်
ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:28ခရစ်တော် မပေါ်မီ 587 ခန့်
ငါသည်သူတို့ကို တပါးအမျိုးသားတို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 39:29ခရစ်တော် မပေါ်မီ 587 ခန့်
ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:1ခရစ်တော် မပေါ်မီ 574 ခန့်
ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ ၍၊ တဆယ်လေးနှစ်စေ့သောနေ့ တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင် သွားတော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:2ခရစ်တော် မပေါ်မီ 574 ခန့်
ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:3ခရစ်တော် မပေါ်မီ 574 ခန့်
ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:4ခရစ်တော် မပေါ်မီ 574 ခန့်
ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:5ခရစ်တော် မပေါ်မီ 574 ခန့်
အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:6ခရစ်တော် မပေါ်မီ 574 ခန့်
ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:7ခရစ်တော် မပေါ်မီ 574 ခန့်
အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 40:8ခရစ်တော် မပေါ်မီ 574 ခန့်
အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။