- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 37:14ခရစ်တော် မပေါ်မီ 587 ခန့်
အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 37:15ခရစ်တော် မပေါ်မီ 587 ခန့်
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 37:16ခရစ်တော် မပေါ်မီ 587 ခန့်
အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့။
- ယေဇကျေလအနာဂတ္တိကျမ်း 37:17ခရစ်တော် မပေါ်မီ 587 ခန့်
ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။
- ယေဇကျေလအနာဂတ္တိကျမ်း 37:18ခရစ်တော် မပေါ်မီ 587 ခန့်
သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊
- ယေဇကျေလအနာဂတ္တိကျမ်း 37:19ခရစ်တော် မပေါ်မီ 587 ခန့်
အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 37:20ခရစ်တော် မပေါ်မီ 587 ခန့်
သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက် နေလော့။
- ယေဇကျေလအနာဂတ္တိကျမ်း 37:21ခရစ်တော် မပေါ်မီ 587 ခန့်
အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:22ခရစ်တော် မပေါ်မီ 587 ခန့်
ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။
- ယေဇကျေလအနာဂတ္တိကျမ်း 37:23ခရစ်တော် မပေါ်မီ 587 ခန့်
နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:24ခရစ်တော် မပေါ်မီ 587 ခန့်
ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက်၍ စောင့် ရှောက်ကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:25ခရစ်တော် မပေါ်မီ 587 ခန့်
ငါ၏ကျွန်ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည်၌သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:26ခရစ်တော် မပေါ်မီ 587 ခန့်
ထိုမှတပါး၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:27ခရစ်တော် မပေါ်မီ 587 ခန့်
ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 37:28ခရစ်တော် မပေါ်မီ 587 ခန့်
ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ် ၌အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 38:1ခရစ်တော် မပေါ်မီ 587 ခန့်
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 38:2ခရစ်တော် မပေါ်မီ 587 ခန့်
အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 38:3ခရစ်တော် မပေါ်မီ 587 ခန့်
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 38:4ခရစ်တော် မပေါ်မီ 587 ခန့်
သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 38:5ခရစ်တော် မပေါ်မီ 587 ခန့်
အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
- ယေဇကျေလအနာဂတ္တိကျမ်း 38:6ခရစ်တော် မပေါ်မီ 587 ခန့်
ဂေါမာနှင့်သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များအလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 38:7ခရစ်တော် မပေါ်မီ 587 ခန့်
သင်သည် မိမိ၌ စုဝေးသောလူအလုံးအရင်းများ နှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။
- ယေဇကျေလအနာဂတ္တိကျမ်း 38:8ခရစ်တော် မပေါ်မီ 587 ခန့်
ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည်။ ထားဘေးနှင့်လွတ်၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည်စစ် ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
- ယေဇကျေလအနာဂတ္တိကျမ်း 38:9ခရစ်တော် မပေါ်မီ 587 ခန့်
သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ၍၊ သင်၌ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 38:10ခရစ်တော် မပေါ်မီ 587 ခန့်
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကိုကြံစည်လျက်၊