အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒံယေလအနာဂတ္တိကျမ်း 2:3ခရစ်တော် မပေါ်မီ 603 ခန့်

    ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ၏။

  2. ဒံယေလအနာဂတ္တိကျမ်း 2:4ခရစ်တော် မပေါ်မီ 603 ခန့်

    ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။

  3. ဒံယေလအနာဂတ္တိကျမ်း 2:5ခရစ်တော် မပေါ်မီ 603 ခန့်

    ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည်။

  4. ဒံယေလအနာဂတ္တိကျမ်း 2:6ခရစ်တော် မပေါ်မီ 603 ခန့်

    အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။

  5. ဒံယေလအနာဂတ္တိကျမ်း 2:7ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက် ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု တဖန်လျှောက်ကြပြန်လျှင်၊

  6. ဒံယေလအနာဂတ္တိကျမ်း 2:8ခရစ်တော် မပေါ်မီ 603 ခန့်

    ရှင်ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါအမှန်သိ၏။

  7. ဒံယေလအနာဂတ္တိကျမ်း 2:9ခရစ်တော် မပေါ်မီ 603 ခန့်

    အိပ်မက်ကို ငါ့အားမဘော်မပြလျှင်၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်း လဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍ မိန့်တော်မူ၏။

  8. ဒံယေလအနာဂတ္တိကျမ်း 2:10ခရစ်တော် မပေါ်မီ 603 ခန့်

    ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှု အရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။

  9. ဒံယေလအနာဂတ္တိကျမ်း 2:11ခရစ်တော် မပေါ်မီ 603 ခန့်

    အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော်၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။

  10. ဒံယေလအနာဂတ္တိကျမ်း 2:12ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။

  11. ဒံယေလအနာဂတ္တိကျမ်း 2:13ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊

  12. ဒံယေလအနာဂတ္တိကျမ်း 2:14ခရစ်တော် မပေါ်မီ 603 ခန့်

    ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊

  13. ဒံယေလအနာဂတ္တိကျမ်း 2:15ခရစ်တော် မပေါ်မီ 603 ခန့်

    ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊

  14. ဒံယေလအနာဂတ္တိကျမ်း 2:16ခရစ်တော် မပေါ်မီ 603 ခန့်

    ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊

  15. ဒံယေလအနာဂတ္တိကျမ်း 2:17ခရစ်တော် မပေါ်မီ 603 ခန့်

    မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊

  16. ဒံယေလအနာဂတ္တိကျမ်း 2:18ခရစ်တော် မပေါ်မီ 603 ခန့်

    ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။

  17. ဒံယေလအနာဂတ္တိကျမ်း 2:19ခရစ်တော် မပေါ်မီ 603 ခန့်

    ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။

  18. ဒံယေလအနာဂတ္တိကျမ်း 2:20ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။

  19. ဒံယေလအနာဂတ္တိကျမ်း 2:21ခရစ်တော် မပေါ်မီ 603 ခန့်

    ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။

  20. ဒံယေလအနာဂတ္တိကျမ်း 2:22ခရစ်တော် မပေါ်မီ 603 ခန့်

    နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း ၏တည်ရာဖြစ်တော်မူ၏။

  21. ဒံယေလအနာဂတ္တိကျမ်း 2:23ခရစ်တော် မပေါ်မီ 603 ခန့်

    အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊

  22. ဒံယေလအနာဂတ္တိကျမ်း 2:24ခရစ်တော် မပေါ်မီ 603 ခန့်

    ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။

  23. ဒံယေလအနာဂတ္တိကျမ်း 2:25ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။

  24. ဒံယေလအနာဂတ္တိကျမ်း 2:26ခရစ်တော် မပေါ်မီ 603 ခန့်

    ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဘော်ပြနိုင်သလောဟု၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊

  25. ဒံယေလအနာဂတ္တိကျမ်း 2:27ခရစ်တော် မပေါ်မီ 603 ခန့်

    ဒံယေလက၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ။