- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ဒံယေလအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 580 ခန့်
ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့၊
- ဒံယေလအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 580 ခန့်
တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။
- ဒံယေလအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 580 ခန့်
မပြပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။
- ဒံယေလအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 580 ခန့်
ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 580 ခန့်
ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊
- ဒံယေလအနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 580 ခန့်
အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါ စေ။
- ဒံယေလအနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 580 ခန့်
တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော သူရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ရကြမည်။
- ဒံယေလအနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 580 ခန့်
မပြပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 580 ခန့်
အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ် တင်၍ လျှောက်ထားကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:13ခရစ်တော် မပေါ်မီ 580 ခန့်
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံ တော်သို့ ရောက်လျှင်၊
- ဒံယေလအနာဂတ္တိကျမ်း 3:14ခရစ်တော် မပေါ်မီ 580 ခန့်
ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။
- ဒံယေလအနာဂတ္တိကျမ်း 3:15ခရစ်တော် မပေါ်မီ 580 ခန့်
ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:16ခရစ်တော် မပေါ်မီ 580 ခန့်
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။
- ဒံယေလအနာဂတ္တိကျမ်း 3:17ခရစ်တော် မပေါ်မီ 580 ခန့်
အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။
- ဒံယေလအနာဂတ္တိကျမ်း 3:18ခရစ်တော် မပေါ်မီ 580 ခန့်
ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:19ခရစ်တော် မပေါ်မီ 580 ခန့်
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက်၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါ၎င်း၊
- ဒံယေလအနာဂတ္တိကျမ်း 3:20ခရစ်တော် မပေါ်မီ 580 ခန့်
ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍၊ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ၎င်း အမိန့်တော် ရှိသည်အတိုင်း၊
- ဒံယေလအနာဂတ္တိကျမ်း 3:21ခရစ်တော် မပေါ်မီ 580 ခန့်
ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွ တုပ်နှောင်၍၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊
- ဒံယေလအနာဂတ္တိကျမ်း 3:22ခရစ်တော် မပေါ်မီ 580 ခန့်
ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖို သည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:23ခရစ်တော် မပေါ်မီ 580 ခန့်
ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:24ခရစ်တော် မပေါ်မီ 580 ခန့်
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့က လည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊
- ဒံယေလအနာဂတ္တိကျမ်း 3:25ခရစ်တော် မပေါ်မီ 580 ခန့်
ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ် မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား ၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၍၊
- ဒံယေလအနာဂတ္တိကျမ်း 3:26ခရစ်တော် မပေါ်မီ 580 ခန့်
မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်၍လာကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာ ကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 3:27ခရစ်တော် မပေါ်မီ 580 ခန့်
စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည် ဝိုင်း၍မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည်တပင်မျှ မမြိုက်၊ ဝတ်လုံလည်း ခြားနားခြင်း မရှိ၊ မီးလောင်သောအနံ့လည်းကင်းလွတ်၏။
- ဒံယေလအနာဂတ္တိကျမ်း 3:28ခရစ်တော် မပေါ်မီ 580 ခန့်
နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။