အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒံယေလအနာဂတ္တိကျမ်း 2:28ခရစ်တော် မပေါ်မီ 603 ခန့်

    နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။

  2. ဒံယေလအနာဂတ္တိကျမ်း 2:29ခရစ်တော် မပေါ်မီ 603 ခန့်

    အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော် မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။

  3. ဒံယေလအနာဂတ္တိကျမ်း 2:30ခရစ်တော် မပေါ်မီ 603 ခန့်

    ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသော ကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏ အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ၏။

  4. ဒံယေလအနာဂတ္တိကျမ်း 2:31ခရစ်တော် မပေါ်မီ 603 ခန့်

    အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။

  5. ဒံယေလအနာဂတ္တိကျမ်း 2:32ခရစ်တော် မပေါ်မီ 603 ခန့်

    သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။

  6. ဒံယေလအနာဂတ္တိကျမ်း 2:33ခရစ်တော် မပေါ်မီ 603 ခန့်

    ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။

  7. ဒံယေလအနာဂတ္တိကျမ်း 2:34ခရစ်တော် မပေါ်မီ 603 ခန့်

    ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊

  8. ဒံယေလအနာဂတ္တိကျမ်း 2:35ခရစ်တော် မပေါ်မီ 603 ခန့်

    သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။

  9. ဒံယေလအနာဂတ္တိကျမ်း 2:36ခရစ်တော် မပေါ်မီ 603 ခန့်

    ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။

  10. ဒံယေလအနာဂတ္တိကျမ်း 2:37ခရစ်တော် မပေါ်မီ 603 ခန့်

    အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။

  11. ဒံယေလအနာဂတ္တိကျမ်း 2:38ခရစ်တော် မပေါ်မီ 603 ခန့်

    လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။

  12. ဒံယေလအနာဂတ္တိကျမ်း 2:39ခရစ်တော် မပေါ်မီ 603 ခန့်

    ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။

  13. ဒံယေလအနာဂတ္တိကျမ်း 2:40ခရစ်တော် မပေါ်မီ 603 ခန့်

    စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။

  14. ဒံယေလအနာဂတ္တိကျမ်း 2:41ခရစ်တော် မပေါ်မီ 603 ခန့်

    ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။

  15. ဒံယေလအနာဂတ္တိကျမ်း 2:42ခရစ်တော် မပေါ်မီ 603 ခန့်

    ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။

  16. ဒံယေလအနာဂတ္တိကျမ်း 2:43ခရစ်တော် မပေါ်မီ 603 ခန့်

    ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။

  17. ဒံယေလအနာဂတ္တိကျမ်း 2:44ခရစ်တော် မပေါ်မီ 603 ခန့်

    လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊

  18. ဒံယေလအနာဂတ္တိကျမ်း 2:45ခရစ်တော် မပေါ်မီ 603 ခန့်

    သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။

  19. ဒံယေလအနာဂတ္တိကျမ်း 2:46ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊

  20. ဒံယေလအနာဂတ္တိကျမ်း 2:47ခရစ်တော် မပေါ်မီ 603 ခန့်

    ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍၊

  21. ဒံယေလအနာဂတ္တိကျမ်း 2:48ခရစ်တော် မပေါ်မီ 603 ခန့်

    ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။

  22. ဒံယေလအနာဂတ္တိကျမ်း 2:49ခရစ်တော် မပေါ်မီ 603 ခန့်

    ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

  23. ဒံယေလအနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 580 ခန့်

    တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊

  24. ဒံယေလအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 580 ခန့်

    စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ၍၊

  25. ဒံယေလအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 580 ခန့်

    စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထား တော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။