အကြောင်းအရာသို့ ကျော်သွားရန်

Solomon

275 အခန်းငယ် · 27 မိသားစုဝင်

အခြားအမည်: Jedidiah

Solomon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။

  2. ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ၍အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ၏။

  3. ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။

  4. ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊

  5. ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။

  6. ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊

  7. ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။

  8. တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ ၏။

  9. ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထား တော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။

  10. ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ၏။

  11. ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။

  12. အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။

  13. ဖာရောဘုရင်၏ သမီးတော်ကို၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ်၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။

  14. ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။

  15. ထာဝရဘုရား၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။

  16. တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။

  17. ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။

  18. ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။

  19. ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍မဖြေနိုင်သော အရာတစုံတခုမျှ မရှိ။

  20. ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊

  21. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။

  22. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

  23. ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။

  24. ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

  25. ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။