အကြောင်းအရာသို့ ကျော်သွားရန်

Solomon

275 အခန်းငယ် · 27 မိသားစုဝင်

အခြားအမည်: Jedidiah

Solomon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊

  2. ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။

  3. ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။

  4. ရှောလမုန်၏ နှလုံး၌ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။

  5. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။

  6. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။

  7. ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရော ဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။

  8. ရှောလမုန်သည် ယေရုရှလင်မြို့က၌ နေ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊

  9. ဘိုးဘေးတို့နှင့် အိပ်ပျော်၍ခမည်းတော် ဒါဝိဒ် မြို့၌ သင်္ဂြိဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  10. ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။

  11. ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော်၊

  12. သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊

  13. ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။

  14. အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။

  15. သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေ ရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ပုန်ကန်လေပြီ။

  16. ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။

  17. ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။

  18. ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တု နှင့် တူအောင်လုပ်သော ရုပ်တုတခုကိုတင်ထား၏။

  19. ဣသရေလအမျိုးရှိသမျှကို သွန်သင်၍၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ်၍၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ်၌သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရား သခင်၏လူ ဣသရေလအမျိုး၏ အမှုကို ထမ်းကြ လော့။

  20. ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊

  21. ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊

  22. ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။

  23. ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား

  24. ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။

  25. ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊