Skip to content

Prudence အကြောင်း ကျမ်းစာအခန်းငယ်များ

192 အခန်းငယ် · 40 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။

  2. သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

  3. ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။

  4. လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။

  5. သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။

  6. မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။

  7. သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။

  8. ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။

  9. မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။

  10. ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။

  11. ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။

  12. အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။

  13. သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ်၍မပြနှင့်။

  14. သို့မဟုတ်၊ သူသည် သင့်ကို အရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။

  15. မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။

  16. မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။

  17. သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

  18. မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။

  19. မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။

  20. ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။

  21. ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။

  22. လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။

  23. လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။

  24. ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။

  25. သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။