အကြောင်းအရာသို့ ကျော်သွားရန်

Prudence အကြောင်း ကျမ်းစာအခန်းငယ်များ: Exemplified by Christ

12 အခန်းငယ် · 40 ရှုထောင့်

"Prudence" ကို ရှာဖွေရန်

Exemplified by Christ အကြောင်း အခန်းငယ်များ

  1. ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။

  2. ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။

  3. ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။

  4. လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊

  5. အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။

  6. ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊

  7. မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။

  8. သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။

  9. ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။

  10. အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။

  11. ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊

  12. ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။