အကြောင်းအရာသို့ ကျော်သွားရန်

Prudence အကြောင်း ကျမ်းစာအခန်းငယ်များ: Gamaliel

6 အခန်းငယ် · 40 ရှုထောင့်

"Prudence" ကို ရှာဖွေရန်

Gamaliel အကြောင်း အခန်းငယ်များ

  1. ထိုအခါလူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊

  2. ဣသရေလ လူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။

  3. အကြောင်းမူကား၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့်၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။

  4. ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ၍၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ၏။

  5. ယခုလည်းဤသူတို့ကို ရှောင်ရှား၍ အလို အလျောက်ရှိကြ ပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။

  6. ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။