Skip to content

Jabbok

7 verses

32.1900, 35.6700 Google Maps တွင် ကြည့်ရန်

Jabbok ကို ဖော်ပြသော အခန်းငယ်များ

  1. ညဉ့်မကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မ နှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။

  2. ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။

  3. သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။

  4. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊

  5. အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊

  6. အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။

  7. အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။