Prudence အကြောင်း ကျမ်းစာအခန်းငယ်များ: The Scribe
The Scribe အကြောင်း အခန်းငယ်များ
ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။
ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ် ရှိသမျှ၊ အစွမ်းသတ္တရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။
ထိုသို့ ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံ တော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။