အကြောင်းအရာသို့ ကျော်သွားရန်

Prophets အကြောင်း ကျမ်းစာအခန်းငယ်များ

655 အခန်းငယ် · 128 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။

  2. သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊

  3. ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။

  4. သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သော အခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍ လိုက်ကြ ၏။ သတ္တဝါတို့၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။

  5. ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။

  6. ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊

  7. ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။

  8. သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။

  9. အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။

  10. သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။

  11. သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက် သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည်မကြောက်နှင့်။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။

  12. တဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတံ့ သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။

  13. သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသား ချင်းတို့ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု၊ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။

  14. ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။

  15. ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့်လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ၏။

  16. သိမ်းသွားခြင်းကိုခံရ၍၊ ခေဗာမြစ်နား၊ တေလ ဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက်၍၊ သူတို့နေရာအရပ်၌ ခုနစ်ရပ်ပတ်လုံး မိန်းမောတွေဝေ လျက်နေ၏။

  17. ခုနစ်ရက်လွန်မှ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  18. အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။

  19. သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏ အသက် ကို ချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေ လိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။

  20. သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။

  21. တဖန်တုံ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန်၍ ဒုစရိုက်ကိုပြု လျှင်၎င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင်၎င်း သူသည် သေလိမ့်မည်။ သင်သည်သတိမပေးသောကြောင့်၊ သူသည်မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊ သင်၌ငါတောင်းမည်။

  22. သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည် လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။

  23. တဖန် ထာဝရဘုရား၏လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည် အတိုင်း၊

  24. ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ် နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။

  25. သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။