Prophets အကြောင်း ကျမ်းစာအခန်းငယ်များ: Amos
Amos အကြောင်း အခန်းငယ်များ
ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။