Skip to content

Prophets အကြောင်း ကျမ်းစာအခန်းငယ်များ: Called Seers

11 အခန်းငယ် · 128 ရှုထောင့်

Called Seers အကြောင်း အခန်းငယ်များ

  1. ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။

  2. ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။

  3. ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊

  4. သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊

  5. တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ၌စာရင်းဝင်ကြ၏။

  6. ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊

  7. ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရော ဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။

  8. ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။

  9. တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက် အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။

  10. သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား၎င်း၊ မှန်သောစကားကို ငါတို့ အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။

  11. ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။