အကြောင်းအရာသို့ ကျော်သွားရန်

Prophets အကြောင်း ကျမ်းစာအခန်းငယ်များ: Reprove the wicked and exhort to repentance

4 အခန်းငယ် · 128 ရှုထောင့်

Reprove the wicked and exhort to repentance အကြောင်း အခန်းငယ်များ

  1. သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊

  2. သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။

  3. ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။

  4. ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။