အကြောင်းအရာသို့ ကျော်သွားရန်

Prophets အကြောင်း ကျမ်းစာအခန်းငယ်များ

655 အခန်းငယ် · 128 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။

  2. မြို့ကိုဝိုင်း၍မြို့ပြင်၌ တပ်တည်လော့။ မြေရိုး ကိုလည်းဖို့လော့။ တပ်သားတို့ကိုလည်းခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွထားလော့။

  3. ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။

  4. ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထား လော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။

  5. အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။

  6. ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။

  7. သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။

  8. ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။

  9. ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။

  10. ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။

  11. ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။

  12. မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။

  13. ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  14. တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။

  15. မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။

  16. အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။

  17. ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။

  18. သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။

  19. ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။

  20. သက္ကရာဇ်ခြောက်ခု၊ ဆဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ် အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။

  21. ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။

  22. သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။

  23. ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။

  24. ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။

  25. သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြ လိမ့်မည်။