အကြောင်းအရာသို့ ကျော်သွားရန်

Prophets အကြောင်း ကျမ်းစာအခန်းငယ်များ

655 အခန်းငယ် · 128 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊

  2. လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။

  3. ကြည့်ရှုလော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။

  4. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊

  5. ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ ထား သည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကို ဖျက်ဆီးလေပြီ။

  6. ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန် တော် တံခါးဝ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား၊

  7. ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

  8. သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊

  9. ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။

  10. ငါသည် ငါ၏ လူမျိုးကို စွန့်၍ ထွက်သွားနိုင် အောင် တော၌ တဲစားခန်းရှိပါစေသော။ အကြောင်းမူ ကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။

  11. သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။

  12. လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည်။

  13. အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ။

  14. သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။

  15. သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည်သူတို့ကို အရည်ကျို ၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုး သတို့သမီး၌ အဘယ် သို့ ငါပြုရမည်နည်း။

  16. ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။

  17. ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။

  18. ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။

  19. တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊

  20. ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။

  21. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊

  22. တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

  23. ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

  24. ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊

  25. သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။