အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 22:10ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 22:11ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 22:12ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 22:13ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 22:14ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 22:15ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကို လည်း ပယ်ရှင်းမည်။

  7. ယေဇကျေလအနာဂတ္တိကျမ်း 22:16ခရစ်တော် မပေါ်မီ 593 ခန့်

    လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 22:17ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  9. ယေဇကျေလအနာဂတ္တိကျမ်း 22:18ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 22:19ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။

  11. ယေဇကျေလအနာဂတ္တိကျမ်း 22:20ခရစ်တော် မပေါ်မီ 593 ခန့်

    ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 22:21ခရစ်တော် မပေါ်မီ 593 ခန့်

    အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 22:22ခရစ်တော် မပေါ်မီ 593 ခန့်

    ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 22:23ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊

  15. ယေဇကျေလအနာဂတ္တိကျမ်း 22:24ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက် ထွက်သောနေ့၌ မိုဃ်းမရွာ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ်၏။

  16. ယေဇကျေလအနာဂတ္တိကျမ်း 22:25ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 22:26ခရစ်တော် မပေါ်မီ 593 ခန့်

    ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။

  18. ယေဇကျေလအနာဂတ္တိကျမ်း 22:27ခရစ်တော် မပေါ်မီ 593 ခန့်

    မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။

  19. ယေဇကျေလအနာဂတ္တိကျမ်း 22:28ခရစ်တော် မပေါ်မီ 593 ခန့်

    ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။

  20. ယေဇကျေလအနာဂတ္တိကျမ်း 22:29ခရစ်တော် မပေါ်မီ 593 ခန့်

    ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။

  21. ယေဇကျေလအနာဂတ္တိကျမ်း 22:30ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။

  22. ယေဇကျေလအနာဂတ္တိကျမ်း 22:31ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 23:1ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  24. ယေဇကျေလအနာဂတ္တိကျမ်း 23:2ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ၏။

  25. ယေဇကျေလအနာဂတ္တိကျမ်း 23:3ခရစ်တော် မပေါ်မီ 593 ခန့်

    သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသော မေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။