အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 23:29ခရစ်တော် မပေါ်မီ 593 ခန့်

    သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။

  2. ယေဇကျေလအနာဂတ္တိကျမ်း 23:30ခရစ်တော် မပေါ်မီ 593 ခန့်

    သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင် မည်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 23:31ခရစ်တော် မပေါ်မီ 593 ခန့်

    သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့်၊ သူသောက်သော ခွက်ကို သင့်လက်၌ ငါထား မည်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 23:32ခရစ်တော် မပေါ်မီ 593 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက်၊ ကျယ်၍စောက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။

  5. ယေဇကျေလအနာဂတ္တိကျမ်း 23:33ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေ စေသော ခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 23:34ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 23:35ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ သင်သည် ငါ့ကို မေ့လျော့၍၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 23:36ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 23:37ခရစ်တော် မပေါ်မီ 593 ခန့်

    အကြောင်းမူကား၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ။

  10. ယေဇကျေလအနာဂတ္တိကျမ်း 23:38ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုမှတပါး၊ ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ။

  11. ယေဇကျေလအနာဂတ္တိကျမ်း 23:39ခရစ်တော် မပေါ်မီ 593 ခန့်

    ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။

  12. ယေဇကျေလအနာဂတ္တိကျမ်း 23:40ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုမှတပါး၊ သင်သည်တမန်တို့ကို စေလွှတ်၍၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဘို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊

  13. ယေဇကျေလအနာဂတ္တိကျမ်း 23:41ခရစ်တော် မပေါ်မီ 593 ခန့်

    အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 23:42ခရစ်တော် မပေါ်မီ 593 ခန့်

    ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။အခြားသောသူအများတို့နှင့် အတူ တောကလာ၍၊ လက်၌လက်ကောက်၊ ခေါင်း၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 23:43ခရစ်တော် မပေါ်မီ 593 ခန့်

    ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆိုသော်၊

  16. ယေဇကျေလအနာဂတ္တိကျမ်း 23:44ခရစ်တော် မပေါ်မီ 593 ခန့်

    ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 23:45ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်မ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 23:46ခရစ်တော် မပေါ်မီ 593 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကိုငါချီစေ၍၊ လုယက် သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 23:47ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 23:48ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 23:49ခရစ်တော် မပေါ်မီ 593 ခန့်

    လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏ အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  22. ယေဇကျေလအနာဂတ္တိကျမ်း 24:1ခရစ်တော် မပေါ်မီ 590 ခန့်

    သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  23. ယေဇကျေလအနာဂတ္တိကျမ်း 24:2ခရစ်တော် မပေါ်မီ 590 ခန့်

    အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 24:3ခရစ်တော် မပေါ်မီ 590 ခန့်

    ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။

  25. ယေဇကျေလအနာဂတ္တိကျမ်း 24:4ခရစ်တော် မပေါ်မီ 590 ခန့်

    အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။