- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 23:4ခရစ်တော် မပေါ်မီ 593 ခန့်
အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။
- ယေဇကျေလအနာဂတ္တိကျမ်း 23:5ခရစ်တော် မပေါ်မီ 593 ခန့်
အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:6ခရစ်တော် မပေါ်မီ 593 ခန့်
မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:7ခရစ်တော် မပေါ်မီ 593 ခန့်
ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:8ခရစ်တော် မပေါ်မီ 593 ခန့်
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:9ခရစ်တော် မပေါ်မီ 593 ခန့်
ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 23:10ခရစ်တော် မပေါ်မီ 593 ခန့်
သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:11ခရစ်တော် မပေါ်မီ 593 ခန့်
ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ၊ အစ်မထက်သာ၍ တပ်မက်သော စိတ်ရှိသည်နှင့်၊ အစ်မတက်သာ၍ မတရားသောမေထုန်ကို ပြု၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:12ခရစ်တော် မပေါ်မီ 593 ခန့်
တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ် သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:13ခရစ်တော် မပေါ်မီ 593 ခန့်
ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:14ခရစ်တော် မပေါ်မီ 593 ခန့်
အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အ သွင်ကိုဆောင်လျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 23:15ခရစ်တော် မပေါ်မီ 593 ခန့်
အုတ်ထရံ၌ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ၏ ရုပ်ပုံတို့ကို မြင်သောအခါ၊
- ယေဇကျေလအနာဂတ္တိကျမ်း 23:16ခရစ်တော် မပေါ်မီ 593 ခန့်
တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:17ခရစ်တော် မပေါ်မီ 593 ခန့်
ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:18ခရစ်တော် မပေါ်မီ 593 ခန့်
ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့်၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:19ခရစ်တော် မပေါ်မီ 593 ခန့်
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
- ယေဇကျေလအနာဂတ္တိကျမ်း 23:20ခရစ်တော် မပေါ်မီ 593 ခန့်
မြည်အင်္ဂါနှင့်တူသော အင်္ဂါ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား။
- ယေဇကျေလအနာဂတ္တိကျမ်း 23:21ခရစ်တော် မပေါ်မီ 593 ခန့်
သို့ဖြစ်၍၊ အိုအဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
- ယေဇကျေလအနာဂတ္တိကျမ်း 23:22ခရစ်တော် မပေါ်မီ 593 ခန့်
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ် တို့ကလာ၍ တိုက်စေမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 23:23ခရစ်တော် မပေါ်မီ 593 ခန့်
အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေး သူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ်ဘွယ်သော လူပျို၊ ဗိုမင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
- ယေဇကျေလအနာဂတ္တိကျမ်း 23:24ခရစ်တော် မပေါ်မီ 593 ခန့်
စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့် တကွလာ၍ ဒိုင်း၊ လွှား၊ သံခမောက် လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရား စီရင်သော အခွင့်ကိုသူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 23:25ခရစ်တော် မပေါ်မီ 593 ခန့်
သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာ ခေါင်း၊ နားရွက်တို့ကို ဖြတ်၍အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား ၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 23:26ခရစ်တော် မပေါ်မီ 593 ခန့်
သင့်အဝတ်ကိုလည်းချွတ်၍၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 23:27ခရစ်တော် မပေါ်မီ 593 ခန့်
ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။
- ယေဇကျေလအနာဂတ္တိကျမ်း 23:28ခရစ်တော် မပေါ်မီ 593 ခန့်
တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊