အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 21:17ခရစ်တော် မပေါ်မီ 593 ခန့်

    ငါသည်လည်း လက်ချင်းရိုက်၍၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည်။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ။

  2. ယေဇကျေလအနာဂတ္တိကျမ်း 21:18ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  3. ယေဇကျေလအနာဂတ္တိကျမ်း 21:19ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တခုကို ရွေးလော့။

  4. ယေဇကျေလအနာဂတ္တိကျမ်း 21:20ခရစ်တော် မပေါ်မီ 593 ခန့်

    အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။

  5. ယေဇကျေလအနာဂတ္တိကျမ်း 21:21ခရစ်တော် မပေါ်မီ 593 ခန့်

    ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော ၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု ၏။

  6. ယေဇကျေလအနာဂတ္တိကျမ်း 21:22ခရစ်တော် မပေါ်မီ 593 ခန့်

    ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 21:23ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည်။

  8. ယေဇကျေလအနာဂတ္တိကျမ်း 21:24ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည် တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ၍၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက်၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 21:25ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။

  10. ယေဇကျေလအနာဂတ္တိကျမ်း 21:26ခရစ်တော် မပေါ်မီ 593 ခန့်

    ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တဖန် မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။

  11. ယေဇကျေလအနာဂတ္တိကျမ်း 21:27ခရစ်တော် မပေါ်မီ 593 ခန့်

    နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင်၎င်း ငါမှောက်လှန်မည်။ မှောက် လန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သော သူ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 21:28ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို၎င်း၊

  13. ယေဇကျေလအနာဂတ္တိကျမ်း 21:29ခရစ်တော် မပေါ်မီ 593 ခန့်

    သူတို့ကဲ့ရဲ့ခြင်းကို၎င်း ရည်မှတ်၍မိန့်တော်မူ သော စကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက်၍ အပြစ်ဒဏ် ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကိုနေရာကျစေခြင်းငှါ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသာ စကားကိုဟောပြောစဉ်တွင်၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။

  14. ယေဇကျေလအနာဂတ္တိကျမ်း 21:30ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်ထားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါ ဖန်ဆင်းသောအရပ်၊ မွေးဘွားရာဌာန၌ သင့်ကို ငါစီရင် မည်။

  15. ယေဇကျေလအနာဂတ္တိကျမ်း 21:31ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည်။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 21:32ခရစ်တော် မပေါ်မီ 593 ခန့်

    သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည်။ သင့် အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 22:1ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  18. ယေဇကျေလအနာဂတ္တိကျမ်း 22:2ခရစ်တော် မပေါ်မီ 593 ခန့်

    အချင်းလူသား၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။

  19. ယေဇကျေလအနာဂတ္တိကျမ်း 22:3ခရစ်တော် မပေါ်မီ 593 ခန့်

    အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊

  20. ယေဇကျေလအနာဂတ္တိကျမ်း 22:4ခရစ်တော် မပေါ်မီ 593 ခန့်

    သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 22:5ခရစ်တော် မပေါ်မီ 593 ခန့်

    အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 22:6ခရစ်တော် မပေါ်မီ 593 ခန့်

    ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 22:7ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 22:8ခရစ်တော် မပေါ်မီ 593 ခန့်

    သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။

  25. ယေဇကျေလအနာဂတ္တိကျမ်း 22:9ခရစ်တော် မပေါ်မီ 593 ခန့်

    သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။