အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 20:16ခရစ်တော် မပေါ်မီ 593 ခန့်

    အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 20:17ခရစ်တော် မပေါ်မီ 593 ခန့်

    သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသော ကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှါ မပြု။

  3. ယေဇကျေလအနာဂတ္တိကျမ်း 20:18ခရစ်တော် မပေါ်မီ 593 ခန့်

    သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 20:19ခရစ်တော် မပေါ်မီ 593 ခန့်

    ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။

  5. ယေဇကျေလအနာဂတ္တိကျမ်း 20:20ခရစ်တော် မပေါ်မီ 593 ခန့်

    ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြ လော့ဟု ငါဆို၏။

  6. ယေဇကျေလအနာဂတ္တိကျမ်း 20:21ခရစ်တော် မပေါ်မီ 593 ခန့်

    သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ၊ တောထဲမှာငါ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 20:22ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမ အသရေကို မပျက်စေခြင်းငှါ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 20:23ခရစ်တော် မပေါ်မီ 593 ခန့်

    တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 20:24ခရစ်တော် မပေါ်မီ 593 ခန့်

    အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 20:25ခရစ်တော် မပေါ်မီ 593 ခန့်

    ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 20:26ခရစ်တော် မပေါ်မီ 593 ခန့်

    ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှါ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 20:27ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား၍ ရှုတ်ချကြသည်တကား။

  13. ယေဇကျေလအနာဂတ္တိကျမ်း 20:28ခရစ်တော် မပေါ်မီ 593 ခန့်

    သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 20:29ခရစ်တော် မပေါ်မီ 593 ခန့်

    ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာ အရပ်ကား၊ အဘယ်နည်းဟု မေးသော်လည်း၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည် ဖြင့် သမုတ်ကြ၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 20:30ခရစ်တော် မပေါ်မီ 593 ခန့်

    သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသောစက်ဆုပ်ရွံ ရှာဘွယ် အမှုတို့ကိုပြု၍ မှားယွင်းလျက်၊

  16. ယေဇကျေလအနာဂတ္တိကျမ်း 20:31ခရစ်တော် မပေါ်မီ 593 ခန့်

    ပူဇော်သက္ကာပြုသဖြင့်၎င်း၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့်၎င်း၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။

  17. ယေဇကျေလအနာဂတ္တိကျမ်း 20:32ခရစ်တော် မပေါ်မီ 593 ခန့်

    ငါတို့သည် တပါးအမျိုးသားကဲ့သို့၎င်း၊ သစ်သား ဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့၎င်း ဖြစ်မည်ဟု၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ။

  18. ယေဇကျေလအနာဂတ္တိကျမ်း 20:33ခရစ်တော် မပေါ်မီ 593 ခန့်

    အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန် အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 20:34ခရစ်တော် မပေါ်မီ 593 ခန့်

    သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေစေမည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 20:35ခရစ်တော် မပေါ်မီ 593 ခန့်

    လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 20:36ခရစ်တော် မပေါ်မီ 593 ခန့်

    အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 20:37ခရစ်တော် မပေါ်မီ 593 ခန့်

    နှင်တံအောက်မှာ ရှောက်သွားစေ၍၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည်။

  23. ယေဇကျေလအနာဂတ္တိကျမ်း 20:38ခရစ်တော် မပေါ်မီ 593 ခန့်

    ငါ့ကိုပုန်ကန်၍ ပြစ်မှာသောသူတို့ကို သင်တို့ ထဲက နှုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 20:39ခရစ်တော် မပေါ်မီ 593 ခန့်

    အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 20:40ခရစ်တော် မပေါ်မီ 593 ခန့်

    အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင်ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။