အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 24:5ခရစ်တော် မပေါ်မီ 590 ခန့်

    သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။

  2. ယေဇကျေလအနာဂတ္တိကျမ်း 24:6ခရစ်တော် မပေါ်မီ 590 ခန့်

    ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 24:7ခရစ်တော် မပေါ်မီ 590 ခန့်

    အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။

  4. ယေဇကျေလအနာဂတ္တိကျမ်း 24:8ခရစ်တော် မပေါ်မီ 590 ခန့်

    ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။

  5. ယေဇကျေလအနာဂတ္တိကျမ်း 24:9ခရစ်တော် မပေါ်မီ 590 ခန့်

    ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 24:10ခရစ်တော် မပေါ်မီ 590 ခန့်

    ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။

  7. ယေဇကျေလအနာဂတ္တိကျမ်း 24:11ခရစ်တော် မပေါ်မီ 590 ခန့်

    ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။

  8. ယေဇကျေလအနာဂတ္တိကျမ်း 24:12ခရစ်တော် မပေါ်မီ 590 ခန့်

    ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။

  9. ယေဇကျေလအနာဂတ္တိကျမ်း 24:13ခရစ်တော် မပေါ်မီ 590 ခန့်

    သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။

  10. ယေဇကျေလအနာဂတ္တိကျမ်း 24:14ခရစ်တော် မပေါ်မီ 590 ခန့်

    ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 24:15ခရစ်တော် မပေါ်မီ 590 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  12. ယေဇကျေလအနာဂတ္တိကျမ်း 24:16ခရစ်တော် မပေါ်မီ 590 ခန့်

    အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။

  13. ယေဇကျေလအနာဂတ္တိကျမ်း 24:17ခရစ်တော် မပေါ်မီ 590 ခန့်

    တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 24:18ခရစ်တော် မပေါ်မီ 590 ခန့်

    ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 24:19ခရစ်တော် မပေါ်မီ 590 ခန့်

    လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊

  16. ယေဇကျေလအနာဂတ္တိကျမ်း 24:20ခရစ်တော် မပေါ်မီ 590 ခန့်

    ငါက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊

  17. ယေဇကျေလအနာဂတ္တိကျမ်း 24:21ခရစ်တော် မပေါ်မီ 590 ခန့်

    အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 24:22ခရစ်တော် မပေါ်မီ 590 ခန့်

    ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။

  19. ယေဇကျေလအနာဂတ္တိကျမ်း 24:23ခရစ်တော် မပေါ်မီ 590 ခန့်

    ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 24:24ခရစ်တော် မပေါ်မီ 590 ခန့်

    ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 24:25ခရစ်တော် မပေါ်မီ 590 ခန့်

    အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊

  22. ယေဇကျေလအနာဂတ္တိကျမ်း 24:26ခရစ်တော် မပေါ်မီ 590 ခန့်

    လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။

  23. ယေဇကျေလအနာဂတ္တိကျမ်း 24:27ခရစ်တော် မပေါ်မီ 590 ခန့်

    ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့် မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 25:1ခရစ်တော် မပေါ်မီ 590 ခန့်

    တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  25. ယေဇကျေလအနာဂတ္တိကျမ်း 25:2ခရစ်တော် မပေါ်မီ 590 ခန့်

    အချင်းလူသား၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက်၌မျက်နှာထား၍ ပရောဖက်ပြုလျက်၊