အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေ ခြင်းငှါ၎င်း၊

  2. ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ၊

  3. သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ၎င်း၊

  4. ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။

  5. ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။

  6. ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။

  7. ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ၏။

  8. ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော် လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊

  9. ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊

  10. ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။

  11. ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ၊

  12. ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

  13. သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

  14. သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

  15. ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

  16. သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။

  17. ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။

  18. အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။

  19. ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။

  20. သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။

  21. သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။

  22. သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။

  23. အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။

  24. နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။

  25. အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။