circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:10ခရစ်နှစ် 54 ခန့်
ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:11ခရစ်နှစ် 54 ခန့်
ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:12ခရစ်နှစ် 54 ခန့်
ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:13ခရစ်နှစ် 54 ခန့်
သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:14ခရစ်နှစ် 54 ခန့်
တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:15ခရစ်နှစ် 54 ခန့်
သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:16ခရစ်နှစ် 54 ခန့်
အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:17ခရစ်နှစ် 54 ခန့်
မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:18ခရစ်နှစ် 54 ခန့်
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:19ခရစ်နှစ် 54 ခန့်
ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:20ခရစ်နှစ် 54 ခန့်
ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:21ခရစ်နှစ် 54 ခန့်
ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:22ခရစ်နှစ် 54 ခန့်
မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:23ခရစ်နှစ် 54 ခန့်
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:24ခရစ်နှစ် 54 ခန့်
သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:25ခရစ်နှစ် 54 ခန့်
ညီအစ်ကိုတို့၊ ငါတို့အဘို့ဆုတောင်းကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:26ခရစ်နှစ် 54 ခန့်
ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:27ခရစ်နှစ် 54 ခန့်
ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။
- သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:28ခရစ်နှစ် 54 ခန့်
ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။ သက်သာလေနိတ်ဩဝါဒစာပဌမစောင်ပြီး၏။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:1ခရစ်နှစ် 54 ခန့်
ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှု ခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ၏။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:2ခရစ်နှစ် 54 ခန့်
သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:3ခရစ်နှစ် 54 ခန့်
ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွါး၍၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:4ခရစ်နှစ် 54 ခန့်
သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:5ခရစ်နှစ် 54 ခန့်
သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။
- သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:6ခရစ်နှစ် 54 ခန့်
အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊