- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1900–1700 BC
Jacob, Joseph & Egypt
Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 37:35ခရစ်တော် မပေါ်မီ 1728 ခန့်
သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။
- ကမ္ဘာဦးကျမ်း 37:36ခရစ်တော် မပေါ်မီ 1728 ခန့်
ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။
- ကမ္ဘာဦးကျမ်း 38:1ခရစ်တော် မပေါ်မီ 1739 ခန့်
ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ ဝင်လေ၏။
- ကမ္ဘာဦးကျမ်း 38:2ခရစ်တော် မပေါ်မီ 1739 ခန့်
ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန် အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက် ပြုလျက်၊
- ကမ္ဘာဦးကျမ်း 38:3ခရစ်တော် မပေါ်မီ 1738 ခန့်
ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကို ဘွားမြင် ၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 38:4ခရစ်တော် မပေါ်မီ 1737 ခန့်
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 38:5ခရစ်တော် မပေါ်မီ 1736 ခန့်
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း။
- ကမ္ဘာဦးကျမ်း 38:6ခရစ်တော် မပေါ်မီ 1736 ခန့်
ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။
- ကမ္ဘာဦးကျမ်း 38:7ခရစ်တော် မပေါ်မီ 1736 ခန့်
ယုဒ၏သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ၏။
- ကမ္ဘာဦးကျမ်း 38:8ခရစ်တော် မပေါ်မီ 1722 ခန့်
ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကို မယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့်၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို၏။
- ကမ္ဘာဦးကျမ်း 38:9ခရစ်တော် မပေါ်မီ 1722 ခန့်
ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသား မမှတ်ရဟုသိ၍အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
- ကမ္ဘာဦးကျမ်း 38:10ခရစ်တော် မပေါ်မီ 1722 ခန့်
ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
- ကမ္ဘာဦးကျမ်း 38:11ခရစ်တော် မပေါ်မီ 1722 ခန့်
သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
- ကမ္ဘာဦးကျမ်း 38:12ခရစ်တော် မပေါ်မီ 1722 ခန့်
ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။
- ကမ္ဘာဦးကျမ်း 38:13ခရစ်တော် မပေါ်မီ 1722 ခန့်
မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
- ကမ္ဘာဦးကျမ်း 38:14ခရစ်တော် မပေါ်မီ 1722 ခန့်
မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
- ကမ္ဘာဦးကျမ်း 38:15ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊
- ကမ္ဘာဦးကျမ်း 38:16ခရစ်တော် မပေါ်မီ 1722 ခန့်
လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊
- ကမ္ဘာဦးကျမ်း 38:17ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
- ကမ္ဘာဦးကျမ်း 38:18ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။
- ကမ္ဘာဦးကျမ်း 38:19ခရစ်တော် မပေါ်မီ 1722 ခန့်
ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
- ကမ္ဘာဦးကျမ်း 38:20ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊
- ကမ္ဘာဦးကျမ်း 38:21ခရစ်တော် မပေါ်မီ 1722 ခန့်
ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
- ကမ္ဘာဦးကျမ်း 38:22ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။
- ကမ္ဘာဦးကျမ်း 38:23ခရစ်တော် မပေါ်မီ 1722 ခန့်
ယုဒကလည်း၊ အရှက်မကွဲမည်အကြောင်း၊ ယူပါ လေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။