Skip to content

Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

724 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။

  2. ဂိုင်းပြုတ်၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။

  3. မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။

  4. ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။

  5. သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။

  6. ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။

  7. သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။

  8. သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။

  9. သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။

  10. မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။

  11. သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။

  12. သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။

  13. သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။

  14. အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။

  15. ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။

  16. သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊

  17. မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။

  18. သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။

  19. သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။

  20. သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။

  21. သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။

  22. သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊

  23. နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊

  24. စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။

  25. သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။