Wicked အကြောင်း ကျမ်းစာအခန်းငယ်များ: Described
Described အကြောင်း အခန်းငယ်များ
သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရ မြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ် လေးသောကြောင့်၊
သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။
တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
ငါသိကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။
လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။
သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။
ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။
အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
အဘယ်သို့ လျှောက်ရပါမည်နည်း။
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။
ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။
မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။
ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။