အကြောင်းအရာသို့ ကျော်သွားရန်

Solomon အကြောင်း ကျမ်းစာအခန်းငယ်များ

301 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။

  2. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။

  3. ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။

  4. မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။

  5. ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊

  6. ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။

  7. ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။

  8. စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။

  9. လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။

  10. ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။

  11. တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက်၍ လက်စသတ်လေ၏။

  12. နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင် လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။

  13. တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ၏။

  14. အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။

  15. တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။

  16. တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျား အတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ၏။

  17. တရားစီရင်ရာ ကနားပြင်တည်းဟူသော တရား ပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတဘက် မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ၏။

  18. နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ၏။ ရှောလမုန်စုံဘက်သော ဖာရောဘုရင်၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။

  19. တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျား ရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။

  20. အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ် တောင်ရှိသော ကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး၏။

  21. အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက်၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ၏။

  22. တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။

  23. ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။

  24. ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊

  25. ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊