အကြောင်းအရာသို့ ကျော်သွားရန်

Kings အကြောင်း ကျမ်းစာအခန်းငယ်များ

580 အခန်းငယ် · 175 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။

  2. အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

  3. သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။

  4. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။

  5. ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။

  6. သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့်၍၊

  7. ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။

  8. ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊

  9. ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊

  10. ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သား မယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။

  11. သင့်အူသည် တနေ့ထက်တနေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။

  12. ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊

  13. သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံး သောသား အာခဇိမှတပါး၊ တယောက်မျှမကျန်ကြွင်း။

  14. နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။

  15. ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။

  16. ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ် သူမျှ မနှမြောဘဲသေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော် လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌မသင်္ဂြိုဟ်ကြ။

  17. အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ၌ချီးမြှောက်၍၊

  18. အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။

  19. မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊

  20. အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ၏။

  21. အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ၏။

  22. ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား၍ နာလျက် နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ၏။

  23. ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။

  24. ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစား သော နောင်တော်၏သားတို့ကို၎င်း၊ တွေ့၍သတ်လေ၏။

  25. ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။