Skip to content

Kings အကြောင်း ကျမ်းစာအခန်းငယ်များ: Hoshea

6 အခန်းငယ် · 175 ရှုထောင့်

Hoshea အကြောင်း အခန်းငယ်များ

  1. ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ် တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။

  2. ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက် ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ရေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ။

  3. ထိုမင်းကိုအာရှုရိ ရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။

  4. နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊

  5. ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။

  6. ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။