Kings အကြောင်း ကျမ်းစာအခန်းငယ်များ: Had power to make war and peace
Had power to make war and peace အကြောင်း အခန်းငယ်များ
ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။
ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊
နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။